ဓတ်ပုံရိုက်ရာတွင် ချွတ်ယွင်းမှုအတွက် ပြဿနာဖြေရှင်းခြင်း လမ်းညွှန်
ချို့ယွင်းမှု ဖြစ်စဉ်
Photos/videos ရိုက်စဉ်တွင် screen မဲခြင်း၊ photos/videos ရိုက်နေစဉ်တွင် screen ဝါးနေခြင်း၊ Focus ချွတ်ယွင်းမှု၊ Portrait ပြောင်းခြင်း၊ Camera ဖွင့်ရန် ခက်ခြင်၊ အရှေ့camera နှင့် အနောက်camera ကြားလှည့်ရာတွင် ပုံမှန်မဟုတ်ခြင်း၊ photos/video ရိုက်နေစဉ်တွင် အဖြူအမဲစက်များ ရှိခြင်း၊ Face not recognized/recognized ကျခြင်း၊ ဓတ်ပုံ မှုန်ဝါးဝါးဖြစ်ခြင်း။
ပြဿနာဖြေရှင်းခြင်း နည်းလမ်း
1.Photos/videos ရိုက်စဉ်တွင် screen မဲခြင်း၊ photos/videos ရိုက်နေစဉ်တွင် screen ဝါးနေခြင်း၊ Focus ချွတ်ယွင်းမှု၊ Portrait ပြောင်းခြင်း၊ Camera ဖွင့်ရန် ခက်ခြင်၊ အရှေ့camera နှင့် အနောက်camera ကြားလှည့်ရာတွင် ပုံမှန်မဟုတ်ခြင်း၊ photos/video ရိုက်နေစဉ်တွင် အဖြူအမဲစက်များ ရှိခြင်း၊ Face not recognized/recognized ကျခြင်း။
1.1 Customer အားဖုန်းကို restart လုပ်ရန် သို့မဟုတ် camera ကိုပြန်ဝင်ရန် အကြံပေးပါ။
1.2 Customer အား camera၏ data ကိုဖျက်ရန် အကြံပေးပါ။(Settings-Apps Management-Show System Processes-Camera-Storage Usage-Clear Data/Cache)
1.3 Software ကို နောက်ဆုံး ဗားရှင်းသို့ updated လုပ်ထားခြင်း ရှိမရှိကို အတည်ပြုပါ။ မလုပ်ရသေးလျှင် ဖုန်းကို နောက်ဆုံးဗားရှင်းသို့ upgrade လုပ်ရန် customer အားအကြံပေးပါ။(Path: Settings- Software Updates)
1.4 ၎င်းအား ဖြေရှင်း၍ မရလျှင် customer အား ဖုန်းရှိ data အားလုံးကို backup လုပ်ပီး reset လုပ်ရန် အကြံပေးပါ။
1.5 ပြသာနာသည် ဖြေရှင်း၍ မရသေးလျှင် customer အား အကြောင်းအရာ ပိုမို ရှာဖွေရန်နှင့် ပြုပြင်ရန် Purchase Invoice, Warranty Card နှင့် phone အား အနီးဆုံး OPPO customer service center သို့ယူလာရန် အကြံပေးလိုက်ပါ။ချွတ်ယွင်းသောဖုန်းကို လက်ခံရရှိပီးနောက် service center သည် ပထမဦးစွာ ချွတ်ယွင်းမှုအား အထက်ဖော်ပြပါအဆင့်အတိုင်း ဖြေရှင်းပါ။
1.6 ချွတ်ယွင်းမှု ရှိနေစဲဆိုလျှင် customer အတွက် software ရေးပေးလိုက်ပါ။
1.7 ပြသာနာသည် ဖြေရှင်း၍ မရလျှင် engineer mode တွင် camera function ကို စမ်းသပ်ပါ(Path: Input *#899# in the dialing keypad-Camera-Camera test)။ အကယ်၍ function ချွတ်ယွင်းနေမည်ဆိုလျှင် camera မှန်ကို ပြန်တပ်ဆင်ပါ။
1.8 ချွတ်ယွင်းမှုသည် ဆက်လက်ဖြေရှင်း၍ မရသေးလျှင် mainboard နှင့် camera ကို cross-validate လုပ်ပါ။
2. ဓတ်ပုံများ ဝါးနေခြင်း
2.1 Camera မှန်၏ မျက်နှာပြင်အား သန့်စင်ရန် အကြံပေးပါ။ camera မှန်ထဲတွင် ညစ်ပတ်နေမည်ဆိုလျှင် customer အား phone ကို သန့်စင်ရန် OPPO service center သို့ပို့ရန် အကြံပေးပါ။
2.2 ဓတ်ပုံရိုက်မည့်အရာကို ချိန်ပီးမှသာလျှင် ရိုက်ရန် အကြံပေးပါ။ အဘယ့်ကြောင့်ဆိုသော် ဓတ်ပုံ မှုန်ဝါးနေခြင်းသည် camera ကိုမချိန်ထားခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်နိုင်သည်။
2.3 ဓတ်ပုံရိုက်သူ၏ လက်သည် တုန်နေလို့လား သို့မဟုတ် ဓတ်ပုံရိုက်မည့် အရာဝတ္တကတုန်နေလို့လား ဆိုတာကို အတည်ပြုပါ။ ထိုသို့တုန်နေခြင်း ဖြစ်လျှင် camera သည် ရိုက်မှတ်ကို point မလုပ်နိုင်ပါ။ နောက်ဆုံးတွင် ဓတ်ပုံမှုန်ဝါးခြင်းနှင့် ဓတ်ပုံမရှင်းခြင်း ရလဒ်ကို ဖြစ်ပေါ်စေပါသည်။
2.4 ဓတ်ပုံသည် အဝေးမှ ရိုက်နေတာလား ဆိုတာကို အတည်ပြုပါ။ digital zoom သည် hot pixels များဖြစ်ပေါ်လာလိမ့်မည် ဖြစ်ပီး zoom လုပ်ချိန်တွင် ဓတ်ပုံဝါးလာလိမ့်မည်ဖြစ်သည်။
2.5 SuCustomer အား ဓတ်ပုံကို အလင်းဖွင့်ပီးရိုက်ရန် သို့မဟုတ် လုံလောက်မှုရှိသော အလင်းအောက်တွင် ရိုက်ရန် အကြံပေးပါ။
2.6 Blank screen/ Blurred screen ပြသာနာဖြေရှင်းနည်းလမ်းအရ ဖုန်းကို cross-validate လုပ်ပါ။
3. Screen တွင် အလင်း/အမှောင် အစက်ရှိခြင်း
3.1 တခြား interface တွင် bright dot (သို့) dark dot ရှိမရှိကို အတည်ပြုပါ။ ရှိမည်ဆိုလျှင် ၎င်းသည် screen ချွတ်ယွင်းမှုကြောင့် ဖြစ်ပွားရခြင်း ဖြစ်နိုင်ပါသည်။ ဤကိစ္စတွင် customer သည် ဖုန်းကို ချွတ်ယွင်းမှု အကြောင်းအရာ ပိုမိုသိစေရန် OPPO service center သို့ ပို့ပါ။
3.2 Camera မှန်၏ မျက်နှာပြင်အား သန့်စင်ရန် အကြံပေးပါ။ camera မှန်ထဲတွင် ညစ်ပတ်နေမည်ဆိုလျှင် customer အား phone ကို သန့်စင်ရန် OPPO service center သို့ပို့ရန် အကြံပေးပါ။
3.3 Blank screen/ Blurred screen ပြသာနာဖြေခြင်းရှင်းနည်းလမ်းအရ ဖုန်းကို cross-validate လုပ်ပါ။