OPPO ဖုန်းတွင် Third-Party App တခု ပျက်သွားသောအခါ ဘာလုပ်ရမလဲ?

Views: 4.7KLikes: 40

သင့် OPPO ဖုန်းရှိ အပလီကေးရှင်းများ မကြာခဏ ပျက်ရသည့် အကြောင်းရင်းများစွာ ရှိနိုင်ပါသည်။ ၎င်းသည် storage space မလုံလောက်ခြင်း၊အင်တာနက်ချိတ်ဆက်မှုအားနည်းခြင်း၊တပြိုင်နက်လုပ်ဆောင်နေသည့် အပလီကေးရှင်းများ များလွန်းခြင်း၊သို့မဟုတ် ခေတ်နောက်ကျနေသော အပလီကေးရှင်းများကြောင့်ဖြစ်နိုင်သည်။လိုအပ်သောပြဿနာဖြေရှင်းခြင်းအဆင့်အားလုံးကိုလုပ်ဆောင်ပြီးသည့်နောက် ပြဿနာကိုမဖြေရှင်းရသေးသည့်သာဓကများရှိပါသည်။ဤသို့ဆိုလျှင်သင့်ဖုန်း၏လည်ပတ်မှုစနစ်ပြဿနာကြောင့်ဖြစ်နိုင်ပါသည်။I


Note: သင်၏ ColorOS version ကိုစစ်ဆေးရန်  [Settings] > [About phone] / [About device].


အပလီကေးရှင်းတခုပျက်သွားခြင်းမှကာကွယ်ပါ။

သင့်ဖုန်းတွင်  install လုပ်ထားသောအပလီကေးရှင်းတခုပျက်သွားခြင်း၊တုံ့ပြန်မှုမရှိခြင်း၊မှန်ကန်စွာလုပ်ဆောင်ခြင်းမရှိပါက အောက်ပါပြဿနာဖြေရှင်းခြင်းနည်းလမ်းများကိုသင့်အနေဖြင့်စမ်းသုံးကြည့်သင့်ပါသည်။ 

သင်၏အင်တာနက်ချိတ်ဆက်မှုကိုစစ်ဆေးပါ။ 

အချို့သော third-party အပလီကေးရှင်းများသည်အချိန်ကြာလာသည်နှင့်အမျှ မြန်ဆန်ပြီးစိတ်ချရသောအင်တာနက်ချိတ်ဆက်မှုပေါ်တွင် ကြီးမားစွာမှီခိုအားထားလာကြသည်။ သင်အင်တာနက်အရင်းအမြစ်သည်တည်ငြိမ်မှုရှိတာသေချာပါစေ၊ ဖတ်ရှုရန် Why OPPO Phone's Internet is Slow.

ဖုန်းကို restart လုပ်ပါ။

သင့် OPPO ဖုန်း restart ချခြင်းသည် သင့်ဖုန်း၏  system ကိုရပ်တန့်စေပြီးလုပ်ဆောင်နေသောလုပ်ငန်းစဉ်များကို ပြန်လည်စတင်စေမည်ဖြစ်ပါသည်။သင်သည် OPPO logo ကိုမတွေ့မချင်း 8 seconds ထက်ပို၍  Power နှင့် Volume Up  ခလုတ်များကိုဖိပြီး သင့် OPPO ဖုန်း restart ချခြင်းကိုလုပ်ဆောင်ပါ။

OPPO A74 5G Buttons


အပလီကေးရှင်းကို Force stop လုပ်ပါ။

မှားယွင်းလွဲမှားနေသော အပလီကေးရှင်းတခုကို Force-stop လုပ်ခြင်းအားဖြင့်ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိစေနိုင်သည်။ သင့် OPPO ဖုန်းရှိ အပလီကေးရှင်းများကို force stop လုပ်ဆောင်ရန်အောက်ပါအဆင့်များကိုလုပ်ဆောင်ပါ။

မှတ်ရန်: အပလီကေးရှင်းတခုကို Force-stop လုပ်ခြင်းသည် ၎င်း၏သိမ်းဆည်းထားသော အချက်အလက်များကိုဖျက်ပစ်မည်မဟုတ်ပါ။သို့သော်အပလီကေးရှင်းအတွင်း လုပ်ဆောင်နေသော လုပ်ငန်းစဉ်များပေါ်တွင်မူတည်၍ သင်၏မသိမ်းဆည်းရသေးသော အချက်အလက်များကို ဖယ်ရှားနိုင်ပါသည်။အလိုအလျောက်သိမ်းဆည်းသည့် လုပ်ဆောင်ချက် မပါဝင်သည့်မှတ်စုရေးသည့် အပလီကေးရှင်းတွင်စာရေးနေပါက Force-stop မလုပ်မီ သင်၏တိုးတက်မှုဖြစ်စဉ်ကို save လုပ်ထားရန်အကြံပြုပါသည်။
  • ColorOS 12 နှင့် အထက်ဖုန်းများအတွက် : [Settings] > [Apps] > [App management] > အပလီကေးရှင်းတခုကိုရွေးချယ်ပါ > [Force stop] ကိုနှိပ်ပါ။

    Force stop an application in ColorOS 12.

  • ColorOS 7.0 နှင့် 11.3 ဖုန်းများအတွက်: [Settings] > [App Management] > [App List] >အပလီကေးရှင်းတခုကိုရွေးချယ်ပါ > [Force Stop] ကိုနှိပ်ပါ။

  • ColorOS 5.0 နှင့် 6.1 ဖုန်းများအတွက်: [Settings] > [App Management] > အပလီကေးရှင်းတခုကိုရွေးချယ်ပါ > [Force Stop] ကိုနှိပ်ပါ။

  • ColorOS 3.2 ဖုန်းများအတွက်: [Settings] > [App Management] > [All] > အပလီကေးရှင်းတခုကိုရွေးချယ်ပါ > [Force Stop] ကိုနှိပ်ပါ။

  • ColorOS 3.0 ဖုန်းများအတွက်:  [Settings] > [Additional Settings] > [Application Management] > [All] >အပလီကေးရှင်းတခုကိုရွေးချယ်ပါ > [Force Stop] ကိုနှိပ်ပါ။

  •  ColorOS 2.1 ဖုန်းများအတွက်:  [Settings] > [App Management] > အပလီကေးရှင်းတခုကိုရွေးချယ်ပါ > [Force Stop] ကိုနှိပ်ပါ။


အပလီကေးရှင်း၏ cache နှင့် အချက်အလက်များကိုရှင်းလင်းပါ။

အပလီကေးရှင်း၏ cache နှင့် အချက်အလက်များကိုရှင်းလင်းခြင်းသည် ၎င်း၏ memory သို့မဟုတ် storage space နေရာတွင်ရှိသောမက်ဆေ့များ၊ဓါတ်ပုံများ၊ဗီဒီယိုများ၊contact များစသဖြင့် သိမ်းဆည်းထားသောအချက်အလက်များအားလုံးကိုဖယ်ရှားပစ်မည်ဖြစ်ပါသည်။ဤနည်းလမ်းကိုအသုံးပြုခြင်းဖြင့် အပလီကေးရှင်းကိုလွဲမှားစွာလုပ်ဆောင်နိုင်သော သို့မဟုတ် ပျက်စေနိုင်သောအချက်အလက်များအားလုံးကိုဖယ်ရှားနိုင်မည်ဖြစ်သည်။

မှတ်ရန်: အပလီကေးရှင်း၏ cache နှင့် အချက်အလက်များကိုဖျက်ပြီးနောက်၎င်းကိုထပ်မံသတ်မှတ်ပြီး  လိုအပ်သောပြင်ဆင်မှုများနှင့် update များကို download လုပ်ရန်လိုအပ်ပါသည်။ 


  • ColorOS 12 နှင့် အထက်ဖုန်းများအတွက် :  [Settings] > [Apps] > [App management] > အပလီကေးရှင်းတခုကိုရွေးချယ်ပါ > [Storage usage] > [Clear data] > [Clear cache]ကိုနှိပ်ပါ။

    Clear cache of an application in ColorOS 12.

  • ColorOS 7.0  11.3 ဖုန်းများအတွက်: [Settings] > [App Management] > [App List] > အပလီကေးရှင်းတခုကိုရွေးချယ်ပါ > [Storage usage] > [Clear data] > [Clear cache]ကိုနှိပ်ပါ။

  • ColorOS 5.0 to 6.1 ဖုန်းများအတွက်: [Settings] > [App Management] >အပလီကေးရှင်းတခုကိုရွေးချယ်ပါ > [Storage usage] > [Clear data] > [Clear cache]ကိုနှိပ်ပါ။

  • ColorOS 3.2 ဖုန်းများအတွက်: [Settings] > [App Management] > [All] > အပလီကေးရှင်းတခုကိုရွေးချယ်ပါ  > [Clear Data] > [Clear cache]ကိုနှိပ်ပါ။

  • ColorOS 3.0 ဖုန်းများအတွက်:  [Settings] > [Additional Settings] > [Application Management] > [All] > အပလီကေးရှင်းတခုကိုရွေးချယ်ပါ  > [Clear Data] > [Clear cache]ကိုနှိပ်ပါ။

  • ColorOS 2.1ဖုန်းများအတွက်:  [Settings] > [App Management] > အပလီကေးရှင်းတခုကိုရွေးချယ်ပါ  > [Clear Data] > [Clear cache]ကိုနှိပ်ပါ။


အပလီကေးရှင်းကို Uninstall လုပ်ခြင်း

သင့်ဖုန်းတွင် အပလီကေးရှင်း update version မရှိသောကြောင့် တခါတရံတွင် အပလီကေးရှင်းပျက်သွားနိုင်သည်။ရိုးရှင်းသော reinstallation လုပ်ခြင်းသည်ဤပြဿနာကို‌ဖြေရှင်းနိုင်သည်။ ကြည့်ရန် How to Uninstall Applications from OPPO Phone.


ဖုန်း software updateလုပ်ခြင်း

တခါတရံသင်သည်ခေတ်နောက်ကျနေသော Operating System (OS) တွင် ၎င်းတို့ကိုအသုံးပြုနေသောကြောင့် အပလီကေးရှင်း၏ version အသစ်သည် ပျက်တတ်ပါသည်။ထို့ကြောင့်သင့်ဖုန်း၏  OS update ဖြစ်ကြောင်းသေချာပါစေ။[Settings] > [Software updates] / [System updates] သို့မဟုတ် [Settings] > [About phone] / [About device] သို့သွား၍  latest software version တွင် သင့်ဖုန်းကို update လုပ်နိုင်ပါသည်။

*သင့်ဖုန်းကိုသင်ကိုယ်တိုင် root ဖောက်ခြင်းမလုပ်ပါနှင့်။၎င်းသည် ဖုန်း၏ system လုပ်ဆောင်ချက်အပေါ်တွင်ထိခိုက်စေနိုင်ပြီး အာမခံဝန်ဆောင်မှုကို ရရှိနိုင်မည်မဟုတ်ပါ။

ဖုန်း၏ system setting ကို Reset ချပါ။

သဟဇာတမဖြစ်သော setting များသည် error ဖြစ်နေသောအပလီကေးရှင်း၏တရားခံလည်းဖြစ်နိုင်သည်။ထိုပြဿနာကိုဖြေရှင်းလိုလျှင်သင့်ဖုန်း၏ system setting များကို reset ချခြင်းဖြင့်ဖြေရှင်းရန်ကြိုးစားကြည့်ပါ။ ဤ link ကိုနှိပ်၍သင့် OPPO ဖုန်းကို reset ဘယ်လိုချမလဲကိုလေ့လာနိုင်ပါသည်။

မှတ်ရန်: ဤလုပ်ဆောင်ချက်သည် ColorOS 3.2 ဖုန်းနှင့်အထက်မော်ဒယ်များတွင်သာရနိုင်ပါသည်။၎င်းအပြင်ဤရွေးချယ်မှုသည် အချက်အလက်များ သို့မဟုတ် media file များကိုဖျက်ပစ်မည်မဟုတ်ဘဲ system setting များအားလုံးကို reset လုပ်မည်ဖြစ်သည်။


ဖုန်းတွင် factory reset ချခြင်းကိုလုပ်ဆောင်ခြင်း

လိုအပ်သောပြဿနာဖြေရှင်းနည်းအဆင့်များကိုအားလုံးလုပ်ဆောင်သော်လည်း ဆက်ရှိနေသေးပါကသင်၏ဖုန်း၏ factory setting ကို reset ချကြည့်ပါ။ သင်၏အချက်အလက်များကို Back up ယူ၍အခြားနေရာသို့ပြောင်းထားပြီး factory data reset ချခြင်းကိုလုပ်ဆောင်ပါ။ ဤ link ကိုနှိပ်၍သင့် OPPO ဖုန်းကို factory data reset ဘယ်လိုချမလဲကိုလေ့လာနိုင်ပါသည်။

Note: Factory data reset ချရာတွင်သင်ဖုန်း၏ အချက်အလက်အားလုံးကိုအပြီးအပိုင် ဖျက်လိုက်မည်

ဖြစ်ပါသည်။reset ချလိုက်သည်နှင့်အချက်အလက်အားလုံးပျက်သွားပြီးပြန်မရနိုင်သောကြောင့်အချက်

လက်အားလုံးကိုမဖျက်မီအရန် backup ကိုအမြဲယူထားရန် လိုအပ်ပါသည်။

အထက်ပါဖော်ပြချက်အဆင့်များသည်သင့်စိုးရိမ်ပူပန်မှုကို မဖြေရှင်းနိုင်ပါကသင်၏အာမခံကတ်ကိုယူပြီးသင်နှင့်အနီးစပ်ဆုံး သုံးစွဲသူဝန်ဆောင်မှုစင်တာ nearest OPPO Customer Service ကိုဆက်သွယ်ပါ။ သင့်အနေဖြင့်  contact OPPO Support  ကိုလည်းဆက်သွယ်နိုင်ပြီးသင့်စိုးရိမ်ပူပန်မှုကိုဖြေလျော့ရန်ကူညီပေးပါလိမ့်မည်။သင့်နေရာဒေသပေါ်မူတည်၍သုံးစွဲသူဝန်ဆောင်မှုစင်တာသို့မသွားခင်ကြိုတင်ဖုန်းဆက်ပြီးစစာရင်းသွင်းရန်လိုအပ်ပါသည်။ 

သင်စိတ်ဝင်စားနိုင်သောအခြားဆောင်းပါးများ:


* ပုံများ၊ဆက်တင်များနှင့်လမ်းကြောင်းများသည် သင့်ဖုန်း၏ပုံများနှင့် ကွဲပြားမှုရှိနိုင်သော်လည်း၎င်းတို့သည် ဤဆောင်းပါး၏ဖော်ပြချက်ကိုမထိခိုက်စေပါ။

Related Articles

third-party app အားဖြင့် video အလိုအလျောက် ရပ်ခြင်းအတွက် အသိပေးမှု

Views: 1Likes: 0
Read Article

App Store တွင် Download ကျနေခြင်းအတွက် ဖြေရှင်းခြင်းလမ်းညွှန်

Views: 1Likes: 0
Read Article

App Market FAQ

Views: 1Likes: 0
Read Article

Theme အား Theme Store မှ Download ဆွဲပီး APP Market အား Deleted လုပ်ပါ

Views: 2Likes: 1
Read Article

သင့် OPPO ဖုန်းတွင် ဖိုင်များမျှဝေရန် Bluetooth ကိုသုံးခြင်း။

Views: 2.5KLikes: 32
Read Article