သင့် OPPO ဖုန်းတွင် ဖိုင်များမျှဝေရန် Bluetooth ကိုသုံးခြင်း။
သင့် OPPO ဖုန်းတွင် ဖိုင်များလွှဲပြောင်းရန် Bluetooth ကိုအသုံးပြုခြင်း။
Bluetooth ဖြင့် ဒေတာလွှဲပြောင်းရန် အခြားနည်းလမ်း ရှိမရှိ သင်တွေးနေပါသလား။ သင်၏ OPPO Android ဖုန်း၏ Bluetooth လုပ်ဆောင်ချက်ကို အသုံးပြု၍ အခြား Android ဖုန်းသို့ ဖိုင်များကို ပေးပို့ကာ လွှဲပြောင်းနိုင်ပါသည်။ ဖိုင်များကို ဖွင့်ရန်၊ တွဲချိတ်ရန်၊ ပေးပို့ရန်၊ လွှဲပြောင်းနည်းအတွက် ကျွန်ုပ်တို့၏ လွယ်ကူသောလမ်းညွှန်ချက်များကို စစ်ဆေးပါ။
မှတ်ချက်- သင်၏ ColorOS ဗားရှင်းကို စစ်ဆေးပါ။ [Settings] > [About Phone] / [About Device].
Bluetooth ဖွင့်နည်း
Control Center ကိုရှာရန် စခရင်၏အပေါ်ဆုံးမှ အောက်သို့ပွတ်ဆွဲပါ၊ ထို့နောက် ကိုနှိပ်ပါ။ သို့မဟုတ် [Settings] > [Bluetooth]သွားပါ၊ ပြီးလျှင် slider ကို အစိမ်းရောင်သို့ ပြောင်းပါ။Notice ဘားတွင်
အိုင်ကွန်ပေါ်လာသည်ကို သတိပြုပါ။
Bluetooth devices များကို မည်ကဲ့သို့ ချိတ်ဆက်ရမည်နည်း။
သင်၏ OPPO ဖုန်းကို မြင်နိုင်စေရန်နှင့် အနီးနားရှိ Bluetooth device များမှ ရှာဖွေတွေ့ရှိစေရန် [Phone Visibility] ကို ဖွင့်ပါ။ အခြား Bluetooth device ကိုလည်း ရှာဖွေနိုင်ပါသည်။
သင်ချိတ်ဆက်လိုသော device ကို Scan ဖတ်ရန် [Search] ကိုနှိပ်ပါ။ Bluetooth device ကို ချိတ်ဆက်နိုင်သည်နှင့် တပြိုင်နက် ၎င်းကို နှိပ်ပါ။
ချိတ်ဆက်ခြင်းကုဒ်နှင့် အတူ ချိတ်ဆက်ရန် တောင်းဆိုချက်သည် စက်နှစ်ခုလုံးတွင် ပေါ်လာပါလိမ့်မည်။ ချိတ်ဆက်လိုသော deviceပေါ်ရှိ [Pair] ကိုနှိပ်ပြီး စတင်ပါ။
Bluetooth ကို အသုံးပြု၍ ဖိုင်များ လွှဲပြောင်းနည်း
Files မှ သင်လွှဲပြောင်းလိုသော ဒေတာကို ရွေးချယ်ပါ၊ Music၊ Photos သို့မဟုတ် အခြားအက်ပ်များမှ ဖိုင်များကိုဖွင့်ပြီး ၎င်းတို့ကို Bluetooth မှတစ်ဆင့် မျှဝေပါ။
ရွေးချယ်ထားသောဖိုင်များကို လွှဲပြောင်းရန် Bluetooth device ကို ရွေးပါ။
တောင်းဆိုချက်တစ်ခုသည် ချိတ်ဆက်လိုသော device ပေါ်တွင် ပေါ်လာပါလိမ့်မည်။
ဖိုင်လွှဲပြောင်းခြင်းကို စတင်ရန် [Accept] သို့မဟုတ် [Pair] ကိုနှိပ်ပါ။
ဆက်စပ်ဆောင်းပါးများ-
* ပုံများ၊ ဆက်တင်များနှင့် လမ်းကြောင်းများသည် သင့်ဖုန်း၏ပုံစံများနှင့် ကွဲပြားနိုင်သော်လည်း ၎င်းတို့သည် ဤဆောင်းပါးရှိ ဖော်ပြချက်ကို အကျိုးသက်ရောက်မည်မဟုတ်ပါ။
Sponsored Deals
Advertisement · Hand-picked offers, refreshed regularly
These are paid/affiliate advertisements from our partner store and are not related to OPPO or OPPO spare parts.
Related Articles
သင့် OPPO Phone သည် မူပွား SMS ကို ထပ်တလဲလဲ ပို့နေလျှင် သို့မဟုတ် လက်ခံရရှိနေလျှင် ဘာလုပ်ရမည်နည်း။
ColorOS 12 ၌ သင့်ဖုန်း screen ကို ကြည့်နေသောသင်မှလွဲ၍ သင့် notification အကြောင်းအရာကို hide လုပ်ထားသော Anti-Peeping feature ရှိခြင်း
Sponsored Deals
Advertisement · Hand-picked offers, refreshed regularly
These are paid/affiliate advertisements from our partner store and are not related to OPPO or OPPO spare parts.