သင့် OPPO Phone သည် မူပွား SMS ကို ထပ်တလဲလဲ ပို့နေလျှင် သို့မဟုတ် လက်ခံရရှိနေလျှင် ဘာလုပ်ရမည်နည်း။
သင့် OPPO Phone သည် မူပွား SMS ကို ထပ်သလဲလဲ ပို့နေခြင်း သို့မဟုတ် ရရှိနေခြင်း ဖြစ်လျှင် ဘာလုပ်ရမည်နည်း။
သင့် text messages ကော်ပီကို ထပ်တလဲလဲ လက်ခံရရှိလျှင် ၎င်းသည် မတည်ငြိမ်သော mobile network ၊ system ပြဿနာ နှင့် virus သို့မဟုတ် malware ကြောင့်ဖြစ်နိုင်ပါသည်။ သင့်ဖုန်းသည် များစွာသော မူပွား SMS ကို ဆက်လက်ပို့နေလျှင် သို့မဟုတ် ဆက်လက်ရရှိနေလျှင် မြန်ဆန်စွာ ဖြေရှင်းနိုင်ပါသည်။ အောက်ပါတို့ကို ဆက်ဖတ်ပါ။
သက်ဆိုင်သော ဖုန်း: OPPO Smartphones များအားလုံး။
ဖုန်းကို Restart လုပ်ပါ
အခါအားလျော်စွာ သင့် OPPO phone ကို restart လုပ်ခြင်းသည် ပျက်စီးမှုများကို ရှင်းလင်း၍ ပိုမို ချော့မွေ့သော အတွေ့အကြုံအတွက် app ပြဿနာများကို ကာကွယ်ပါသည်။
ပြဿနာသည် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ဖုန်းနံပါတ်များ၌ ဖြစ်ပျက်နေတာလားဆိုတာကို စစ်ဆေးပါ။
ဤပြဿနာသည် လူတစ်ဦးထံ ပို့သောအခါ ဖြစ်တာလား သို့မဟုတ် မတူညီသော လူများစွာထံ ပို့သောအခါ ဖြစ်ပွားတာလားဆိုတာကို စစ်ဆေးပါ။
ဖုန်း signal ကို စစ်ဆေးပါ
cell signal ကို status bar တွင် စစ်ဆေးပါ။ bars ပိုများလေလေ လိုင်းအားပိုကောင်းပါသည်။ လိုင်းအားမကောင်းလျှင် သင်တည်နေရာကိုပြောင်းပြီး ပြန်စမ်းသပ်ပါ။ [Airplane mode] ကိုဖွင့်ပါ။ ၈ စက္ကန့်မျှ စောင့်ပါ။ ထို့နောက် ၎င်းကို ပိတ်ချ၍ သင့်ဖုန်းကို network နှင့် signals ကို အလိုအလျောက်ရရှိစေပါ။
SIM card ကို ပြန်ထည့်ပါ
SIM card ကိုဖြုတ်ပါ။ ၎င်းသည် ပျက်စီးခြင်းရှိမရှိ စစ်ဆေးပါ။ chip ကို ရှင်းလင်း၍ card ကို ပြန်ထည့်ပါ။ သို့မဟုတ် ဤပြဿနာအားဖြေရှင်းနိုင်ခြင်း ရှိမရှိ သိနိုင်ရန် အခြား SIM card ကို သင့်ဖုန်းတွင် ထည့်ပါ။
သင့် mobile operator (MO) ကို ဆက်သွယ်ပါ
သင့် operator ပြဿနာရှိခြင်းကြောင့် သင့် service ကို ထိခိုက်နိုင်ပါသည်။ သင့် operator ကိုဆက်သွယ်ပါ :
သင့် SIM card သည် active ဖြစ်ကြောင်းကို စစ်စိပါ။
သင့် area ၌ ပြတ်တောက်မှု မရှိကြောင်းကို သေချာစေပါ။
အခြားဖုန်း သို့မဟုတ် အခြား SIM နှင့်စမ်းသပ်ပါ
သင့် SIM card ကို အခြား ဖုန်းသို့ ပြောင်းပါ။ သို့မဟုတ် သင့်ဖုန်းထဲသို့ အခြား SIM ကို ထည့်ပါ။ ထို့နောက် မူပွား messages ကို လက်ခံရရှိခြင်းရှိမရှိ စစ်ဆေးပါ။
အခြား SIM card ၌ ပြဿနာ မဖြစ်ပွားလျှင် ၎င်းသည် network plan သို့မဟုတ် original SIM card ကြောင့်ဖြစ်နိုင်သည်။ သင့် mobile operator အား အကူအညီတောင်းရန် ဆက်သွယ်ပါ။
သင့် SIM ဖြင့် အခြားဖုန်း၌ ပြဿနာမရှိလျှင် သင့်ဖုန်းကြောင့် ဖြစ်နိုင်သည်။ နောက်ထပ် troubleshooting step သို့သွားပါ။
Messages app အတွက် data ကို ရှင်းလင်းပါ
ColorOS 7.0 နှင့်အထက်အတွက် . [Settings] > [App Management] > [App List] သို့သွားပါ > ညာဘက်ထောင့်အနားရှိ အစက်နှစ်စက်ကို နှိပ်ပါ > [Show System] > [Messages] > [Storage Usage] > [Clear Data].
ColorOS 5.0 မှ ColorOS 6.1 အတွက် . [Settings] > [App Management] > [Show System Process] > [Messages] > [Storage Usage] > [Clear Data] သို့သွားပါ။
ColorOS 3.1 နှင့် ColorOS 3.2 အတွက် . [Settings] > [App Management] > [All] > [Messages] > [Clear Data] သို့သွားပါ။
ColorOS 3.0 အတွက် . [Settings] > [Additional Settings] > [Application Management] > [All] > [Messages] > [Clear Data] သို့သွားပါ။
Storage caches ကို ရှင်းလင်းပါ
ပုံမှန်အားဖြင့် သင့်ဖုန်း လုံခြုံရန်နှင့် storage space ပိုမို နေရာရရှိစေရန် Phone Manage သို့မဟုတ် Security Center ၌ caches ကို ရှင်းလင်းပါ။
Security scanning လုပ်ပါ
[Phone Manager] / [Security Center] > [Virus scan] သို့သွားပါ။ viruses ကို scan လုပ်ပါ။ သင်အရင်က installl လုပ်၍ ပြဿနာစတင်သော third-party applications ကို uninstall လုပ်ပါ။
Phone software ကို Update လုပ်ပါ
နောက်ဆုံး version သို့ update လုပ်ရန် နှင့် စစ်ဆေးမှုပြုရန် [Settings] > [Software Updates] သို့သွားပါ။ ပိုမိုကောင်းမွန်သော အတွေ့အကြုံအတွက် ၎င်းသည် system performance ကို ကောင်းမွန်စေမည်ဖြစ်ပြီး ပြဿနာကို ဖြေရှင်းမည်ဖြစ်သည်။
Factory settings သို့ သင့် OPPO phone ကို reset လုပ်ပါ
အရင်ဦးဆုံး သင့်ဖုန်းထဲသို့ အချက်အလက်များကို Back up နှင့် transfer လုပ်ပါ။ ထို့နောက် [Settings] > [Additional settings] > [Back up and reset] > [Factory data reset] သို့သွားပါ။ သင့် OPPO phone ကို ကနဦး အခြေအနေ နှင့် settings သို့ reset လုပ်ပါ။
အထက်ပါ အချက်များသည် ပြဿနာကို မဖြေရှင်းနိုင်လျှင် OPPO Support Team ကို ဆက်သွယ်ပါ သို့မဟုတ် ပုံမှန်အတိုင်းပြန်ဖြစ်ရန် phone, ဝယ်ယူသည့် သက်သေ နှင့် warranty card တို့ဖြင့် အနီးဆုံး OPPO Customer Service Center သို့သွားပါ။
* Pictures, settings နှင့် လမ်းကြောင်းများသည် သင့်ဖုန်းထဲကဟာနှင့် အနည်းငယ်ကွာခြားနိုင်ပါသည်။ သို့သော် ၎င်းသည် ဤအကြောင်းအရာဖော်ပြချက်များကို မထိခိုက်နိုင်ပါ။
Sponsored Deals
Advertisement · Hand-picked offers, refreshed regularly
These are paid/affiliate advertisements from our partner store and are not related to OPPO or OPPO spare parts.
Related Articles
user သည် OPPO A16 & OPPO A16s & OPPO A54s ကို အသုံးပြုသောအခါ mobile phone အလိုအလျောက် restart ဖြစ်ခြင်း
ColorOS 12 တွင် PC နှင့်သင့် OPPO phone ကို PC Connect ဖြင့် အလွယ်တကူချိတ်ဆက်ပါ။
HeyTap Cloud/OPPO Cloud ဖြင့် Data ကို Back up သို့မဟုတ် Restore လုပ်ရန် ကျရှုံးလျှင်
signal reminders အားနည်ခြင်း ၊ A16 & A16s & A54s ၏ map ကို အသုံးပြုသောအခါ location သည် refresh မလုပ်ခြင်း သို့မဟုတ် refresh နှေးကွေးခြင်း၊
Sponsored Deals
Advertisement · Hand-picked offers, refreshed regularly
These are paid/affiliate advertisements from our partner store and are not related to OPPO or OPPO spare parts.