OPPO Phone တွင် OTP Verification Message မရနိုင်ခြင်း
သင့်ဖုန်းတွင် SMS verification code သို့မဟုတ် OTP or One-Time Password ရရှိရန် အခက်အခဲရှိပါသလား။ ဤ OTP (One-Time Password) blocking သည် messages နှင့် အခြား app settings များတွင် ဖွင့်နေသည်။ သင့် OPPO phone တွင် OTP or One-Time Password message issue ကို ဖြေရှင်းရန် အောက်ဖော်ပြပါ ပြဿနာဖြေရှင်းခြင်းလမ်းညွှန်ကို စမ်းကြည့်ပါ။ ဆက်ဖတ်ပါ။
သက်ဆိုင်သောဖုန်း : OPPO Smartphones များအားလုံး၊ သင့် ColorOS version ကို [Settings] > [About Phone] / [About Device] တွင် စစ်ဆေးပါ။
OPPO phone တွင် OTP (One-Time Password) message လက်ခံရရှိရန် failed ဖြစ်ခြင်း
သင့် OPPO phone တွင် OTP (One-Time Password) verification message ကိုလက်ခံရရှိနိုင်ခြင်းမရှိလျှင် အောက်ပါဖော်ပြချက်များသည် ဖြေရှင်းခြင်းလမ်းညွှန်အဆင့်ဖြစ်ပါသည်။
1. ဖုန်းကို Restart လုပ်ပါ
Power နှင့် Volume Up buttons ကို OPPO logo ပေါ်လာသည့်အထိ အနည်းဆုံး ၈ စက္ကန့်မျှ ဖိ၍ကိုင်ထားပါ။
2. message blocking သည် activated ဖြစ်ပြီး ၎င်းကိုပိတ်မပိတ်စစ်ဆေးပါ။
ColorOS 7.0 နှင့် အထက် အတွက် : [Settings] > [Privacy] > [Block & Filter] > [Block Messages] သို့သွားပါ သို့မဟုတ် [Messages] app > tap the [
2-dots] upper right corner ရှိ icon သို့သွားပါ > [Block & Filter] > [Blocked Messages] > 2-dots icon
ကို upper right corner တွင် နှိပ်ပါ > [Set Rules] > [Block Messages].
ColorOS 6.1 အတွက် : [Settings] > [System Apps] > [Messages] > [Block & Filter] > [Block Messages] သို့သွားပါ သို့မဟုတ် [Settings] > [Security] > [Block & Filter] > [Block Messages] သို့သွားပါ။
ColorOS 5.1 to 6.0 အတွက် : [Settings] > [System Apps] > [Call] > [Block] > [Block Messages] သို့သွားပါ သို့မဟုတ် [Settings] > [Security] > [Anti-harassment/Fraud] > [Block Messages] သို့သွားပါ။
ColorOS 5.0 and 3.2 အတွက် : [Settings] > [Messages] > [Block] > [Block Messages] သို့သွားပါ သို့မဟုတ် [Settings] > [Security] > [Anti-harassment/Fraud] > [Block Messages] သို့သွားပါ။
ColorOS 3.1 အတွက် : [Settings] > [Messages] > [Block] > [Block Messages] သို့သွားပါ သို့မဟုတ် [Settings] > [Security] > [Block] > [Block Messages] သွားပါ။
ColorOS 3.0 အတွက် : [Settings] > [Messages] > [Block] သို့သွားပါ။
* သင့် OPPO phone တွင် Google Messages ရှိလျှင် :
[Messages] သို့သွားပါ > upper-right corner ရှိ [3-dotted] icon ကို နှိပ်ပါ။ ထို့နောက် [Spam & Blocked] > [3-dotted] icon > [Blocked contacts] ကိုနှိပ်ပါ။
3. OTP (One-Time Password) issue သည် specific application ၌သာဖြစ်တာလား သို့မဟုတ် applications အားလုံး၌ ဖြစ်တာလား စစ်ဆေးပါ။
application တစ်ခု၌သာဖြစ်လျှင် app ကို uninstall လုပ်ပြီး ပြန် install လုပ်ပါ။ ထို့နောက် message blocking ကို ဖွင့်မဖွင့် စစ်ဆေးပါ။ ပြဿနာသည် ဆက်လက်ဖြစ်ပွားလျှင် ပြဿနာကို တင်ပြရန် app developer ကို ဆက်သွယ်ပါ။ How to Uninstall/Remove Applications from My OPPO Phone. ကိုဖတ်ရှုပါ။
4. application တစ်ခုနှင့်အထက် သို့မဟုတ် applications အားလုံး ဖြစ်လျှင်
သင့် SIM card ကို အခြား device ထဲသို့ ထည့်ပြီး OTP (One-Time Password) ရမရကို စစ်ဆေးပါ။ မရလျှင် အခြား SIM card ကို သင့်ဖုန်းတွင် ထည့်ပြီး ၎င်း SIM မှ OTP (One-Time Password) ရမရ စစ်ဆေးပါ။
5. OTP blocking သည် activated ဖြစ်မဖြစ် စစ်ဆေးရန် သင့် network carrier ကိုဆက်သွယ်ပါ။
ပြဿနာသည် SIM card, application သို့မဟုတ် network carrier ကြောင့်ဖြစ်ပွားတာမဟုတ်လျှင် စစ်ဆေးခြင်းပြုရန် သင့်ဖုန်းကို OPPO customer service center သို့ယူလာပါ။
မှတ်စု : service center သို့မသွားမီ data ပျောက်ဆုံးမှု မဖြစ်စေရန် သင့် phone ကို backup လုပ်ပြီး backup files ကို SD card or external storage သို့ ပြောင်းရွှေ့ပါ။
အထက်ဖော်ပြပါ ဖြေရှင်းနည်းများသည် သင့်ပြဿနာကို မဖြေရှင်းပေးနိုင််လျှင် OPPO Support Team ကို ဆက်သွယ်ပါ သို့မဟုတ် သင့်ဖုန်း ၊ ဝယ်ယူသည့် သက်သေအထောက်အထား နှင့် warranty card ကိုယူပြီး OPPO Customer Service Center သို့သွားပါ။ သင့် region ပေါ်မူတည်၍ သင့် local Service Center သို့မသွားမီ appointment ယူဖို့ လိုမလို မေးမြန်းစုံစမ်းပါ။
သက်ဆိုင်သော အကြောင်းအရာများ :
* ပုံများ, settings နှင့် paths သည် သင့်ဖုန်းနှင့် ကွဲပြားနိုင်ပါသည်။ သို့သော် ထိုကွဲပြားမှုများသည့် ဤဖိုင်အကြောင်းအရာ၌ ရှင်းပြချက်တွေပေါ် အကျိုးသက်ရောက်မည်မဟုတ်ပါ။ လုပ်ဆောင်နည်းတူတူပင်ဖြစ်သည်။