Heating အတွက် ပြဿနာဖြေရှင်းခြင်းလမ်းညွှန်

Views: 0Likes: 0

1.ချွတ်ယွင်းမှု ဖြစ်စဉ်

Standby ဖြစ်နေစဉ်တွင် ပူခြင်း၊ အသုံးပြုနေစဉ်တွင် ပူခြင်း၊ အား သွင်းနေစဉ် ပူခြင်း။

 

2.ချွတ်ယွင်းမှု နည်းလမ်း

ပူနေသောအချိန်တွင် အခြေအနေကို အတည်ပြုပါ။

2.1 Standby ဖြစ်နေစဉ်တွင် ပူခြင်း

(1) charging သည် ဝန်းကျင် အပူချိန်နှင့်ညီမျှသောအခါ ပတ်ဝန်းကျင် အပူချိန်ကို အတည်ပြုပါ။ ဝန်းကျင်အပူချိန် အလွန်မြင့်မားသောအခါ ဖုန်းသည် ပူလာလိမ့်မည် ဖြစ်ပြီး phone ၏အပူချိန်သည် နီးကပ်လာမည်ဖြစ်သည်။
(2)Background ရှိ လေးလံတဲ့ Apps များရှိခြင်းကြောင့် ချွတ်ယွင်းမှု ရလဒ်ဖြစ်ပေါ်ရခြင်းဖြစ်သည်။ background ရှိ Apps များကို ဖျက်ရန် customer အား အကြံပေးပါ။
(3)Phone သည်ပူနေစဲဆိုလျှင် customer အား data ကို backup လုပ်ပီး ခန standby လုပ်ထားရန် အကြံပေးပါ။
(4)ပြသာနာသည် ဖြေရှင်း၍ မရသေးလျှင် customer အား အကြောင်းအရာ ပိုမို ရှာဖွေရန်နှင့် ပြုပြင်ရန် Purchase Invoice, Warranty Card နှင့် phone အား အနီးဆုံး OPPO customer service center သို့ယူလာရန် အကြံပေးလိုက်ပါ။
(5)Service center သည် ချွတ်ယွင်းနေသောဖုန်းကို လက်ခံရရှိပြီးနောက်တွင် ပထမဦးစွာ အထက်ဖော်ပြပါအဆင့်များအတိုင်း လုပ်ဆောင်ပါသည်။ ချွတ်ယွင်းမှုသည် ဆက်လက်ဖြစ်နေစဲဆိုလျှင် ပူနေတဲ့အပိုင်းသည် reasonable range တွင်ရှိမရှိကို အတည်ပြုပါ။ (ဝန်းကျင်အပူချိန်နှင့် အတူတူပင်ဖြစ်သည်)
(6)ဖုန်း၏အပူကို အတည်ပြုပြီးသောအခါ customer အတွက် ဖုန်းကို software အသစ်ရေးပေးလိုက်ပါ။
(7)ဆက်လက်၍ ချွတ်ယွင်းမှုအား ဖြေရှင်းလို့မရသေးဘူးဆိုလျှင် မှားယွင်းစွားတပ်ဆင်ခြင်းကြောင့် ပူနေခြင်းရလဒ် ဖြစ်မဖြစ်ကို စစ်ဆေးရန် ဖုန်းအား ပြန်တပ်ဆင်ပါ။
(8)Mainboard တွင် လျှပ်စီး ယိုစိမ့်မှု ရှိမရှိကို စစ်ဆေးအတည်ပြုပါ။ ( နည်းလမ်း     နံပတ်၁ကိုကြည့်ပါ။ mainboard အားဖြုတ်ပီး DC supply 3.9v-4.2v. 2 နှင့် connect လုပ်ပါ။ အကယ်၍ လျှပ်စီးတန်ဖိုးသည် 4mA ထက်ပိုကြီးနေမည်ဆိုလျှင် mainboard သည် လျှပ်စီး ယိုစိမ့်မှု ဖြစ်နေတာ ဖြစ်သည်။ ယိုစိမ့်မှုဖြစ်တာမှန်လျှင် customer အတွက် mainboard ကိုအစားထိုးလဲပေးပါ။
(9)အကယ်၍ ပြသာနာသည် ဖြေရှင်၍မရလျှင် ချို့ယွင်းနေသော ဖုန်းကို China HQ.သို့ feedback ပို့ပါ။

2.2အသုံးပြုနေစဉ်တွင် ပူခြင်း

(1)Phone အတွက် protective case ကိုအသုံးပြုနေလျှင် customer အား protective case ကို remove လုပ်ပြီး ခဏ standby ထားရန် protective case ကြောင့် အပူဖြာထွက်ခြင်းများ ဖြစ်လာနိုင်သည် ဖြစ်သည်။
(2)Phone ကိုအကြာကြီး သုံးနေမည်ဆိုလျှင် စက်သည် ပူလာမည်ဖြစ်သည်။ ဖုန်း၏အပူချိန်သည် 50 degree Celsius အောက်သည် ပုံမှန်ကဲ့သို့ဖြစ်လာမည်ဖြစ်သည်။
Background ရှိ Apps များကို ဖျက်ရန် customer အားအကြံပေးပါ။  ချွတ်ယွင်းမှုသည် လေးနေတဲ့ Apps များကိုrun နေရာမှ ဤကဲ့သို့ ဖြစ်ရခြင်းဖြစ်သည်။
(3)Check whether WI-FI, Bluetooth နှင့် GPS သည် အကြာကြီးဖွင့်ထားတာလားဆိုတာကို စစ်ဆေးအတည်ပြုပါ။ ထိုကဲ့သို့ ဖြစ်နေမည်ဆိုလျှင် ကျေးဇူးပြု၍ မလိုအပ်တဲ့ လုပ်ဆောင်မှုများကို ပိတ်ထားပီး ၎င်းကို ဆက်လက်ပီး standby လုပ်ထားပါ။
(4)Screen အလင်းအား အမြင့်ဆုံးတွင် ထားတာလားဆိုတာကို အတည်ပြုပါ။ အမြင့်ဆုံးတင်ထားတာဆိုလျှင် အလင်းအားလျှော့ပီး ဖုန်းကို ခနတာ standby လုပ်ထားပါ။
(5)Live wallpapers များကို သုံးထားခြင်းရှိမရှိကို စစ်ဆေးပါ။ live wallpapers များသည် ဖုန်းကို ပူစေပါသည်။ live wallpapers များကို အသုံးပြုနေမည်ဆိုလျှင်  customer အား Setting ရှိ original theme/wallpaper များကိုသာ သုံးရန်နှင့် ၎င်းအား ခနတာ standby လုပ်ရန် အကြံပေးပါ။
(6)အကယ်၍ ဖုန်းသည် ပူနေစဲဆိုရင် customer အား phone ရှိ data အားလုံးကို backup လုပ်ပီး reset လုပ်ပါ။
(7)ပြသာနာသည် ဖြေရှင်း၍ မရသေးလျှင် customer အား အကြောင်းအရာ ပိုမို ရှာဖွေရန်နှင့် ပြုပြင်ရန် Purchase Invoice, Warranty Card နှင့် phone အား အနီးဆုံး OPPO customer service center သို့ယူလာရန် အကြံပေးလိုက်ပါ။
(8)ဖုန်း၏အပူအား အတည်ပြုပီးဆိုလျှင် customer အတွက် phone software အသစ်ရေးပေးလိုက်ပါ။
(9)ချွတ်ယွင်းမှုသည် ဆက်လက်၍ ဖြေရှင်းလို့မရသေးဘူးဆိုလျှင် ဖုန်းကို စစ်ဆေးရန် ပြန်လည်တပ်ဆင်ပါ။ (မှားယွင်းစွာ တပ်ဆင်မှုကြောင့် ဖုန်းပူ နိုင်သောကြောင့်ဖြစ်သည်)
(10)Mainboard တွင် လျှပ်စီး ယိုစိမ့်မှု ရှိမရှိကို စစ်ဆေးအတည်ပြုပါ။ ( နည်းလမ်း နံပတ်၁ကိုကြည့်ပါ။ mainboard အားဖြုတ်ပီး DC supply 3.9v-4.2v. 2 နှင့် connect လုပ်ပါ။ အကယ်၍ လျှပ်စီးတန်ဖိုးသည် 4mA ထက်ပိုကြီးနေမည်ဆိုလျှင် mainboard သည် လျှပ်စီး ယိုစိမ့်မှု ဖြစ်နေတာ ဖြစ်သည်။ ယိုစိမ့်မှုဖြစ်တာမှန်လျှင် customer အတွက် mainboard ကိုအစားထိုးလဲပေးပါ။
(11)အကယ်၍ ပြသာနာကို ဖြေရှင်းလို့မရလျှင် China HQ.သို့ feedback ပို့ပီး ချွတ်ယွင်းနေသောဖုန်းကို သိမ်းထားပါ။

2.3 အားသွင်းနေစဉ် ပူခြင်း

(1)အားသွင်းနေစဉ် customer သည် ဖုန်းကို သုံးနေလျှင် customer အား အားသွင်းနေစဉ် phone ကို လုံးဝအသုံးမပြုရန်နှင့် background ကိုရှင်းပီး  charging အခြေနေကို စောင့်ကြည့်ရန် အကြံပေးပါ။
(2)Original adapter နှင့် USB cable သုံးထားခြင်း ရှိမရှိကို အတည်ပြုပါ။ ထိုသို့အသုံးမပြုထားလျှင်  charging အတွက် original adapter နှင့် USB cable ကိုသာ အသုံးပြုရန် အကြံပေးပါ။
(3)ချွတ်ယွင်းမှုသည် ဆက်လက်၍ ဖြေရှင်းလို့မရသေးလျှင်“Heating when using”၏ ချွတ်ယွင်းမှုအား ပြသာနာ ဖြေရှင်းခြင်းနည်းလမ်း အဆင့်အတိုင်း လုပ်ဆောင်ပါ။

Related Articles

Charging တွင်လျှပ်စီးသံ ညံခြင်းအတွက် ပြဿနာဖြေရှင်းခြင်းလမ်းညွှန်

Views: 0Likes: 0
Read Article

Reno Z အတွက် ဖြုတ်တပ်ခြင်း Video

Views: 0Likes: 0
Read Article

Auto Power-off အတွက် ဖြေရှင်းခြင်းလမ်းညွှန်

Views: 1Likes: 0
Read Article

Reno2 အတွက် ဖြုတ်ခြင်းနှင့် တပ်ဆင်ခြင်း ဗီဒီယို

Views: 0Likes: 0
Read Article

R15 အတွက် ဖြုတ်ခြင်းနှင့် တပ်ဆင်ခြင်း Video

Views: 1Likes: 0
Read Article