OPPO ဖုန်းတွေမှာပါတဲ့ Multi-User Mode ဆိုတာဘာလဲ?

Views: 3.0KLikes: 21

သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို မျှဝေသုံးသော ဖုန်းပေါ်တွင်ရောနှောထားပါသလား။သင့်အလုပ်နှင့် ကိုယ်ရေးကိုယ်တာဘဝကို သီးသန့်ခွဲထားရန် ပိုမိုလွယ်ကူသောနည်းလမ်းကို လိုအပ်ပါသလား။ သင့်ဖုန်းကိုငှားလိုက်ရသည့်အခါ သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်ကို ထိန်းသိမ်းလိုပါသလား။တစုံတယောက်သည်သင်၏ OPPO ဖုန်းကိုငှားရမ်းအသုံးပြုလိုသည့်တိုင် သင့်ဖုန်း၏ကိုယ်ရေးကိုယ်တာအချက်အလက် ကိုထိန်းသိမ်းရန် Multi-User လုပ်ဆောင်ချက်ကိုရွေးချယ်ပါ။သင်သည် user account 5ခု(Owner account တခု၊ခွဲသုံးသည့်အသုံးပြုသူ account သုံးခုနှင့် Guest  account တခု)ကိုဖန်တီးပြီး သတ်မှတ်နိုင်သည်။user account များထည့်နည်း၊user account များပြောင်းနည်း၊Owner ခွင့်ပြုချက်၊user account များဖျက်နည်းစသည့်နည်းလမ်းများနှင့်အခြားအရာများကို စစ်ဆေးနိုင်သည်။

Applicable to: ColorOS 7.1 နှင့်အထက် မော်ဒယ်များတွင် Multi-user Mode လုပ်ဆောင်ချက်ပါရှိပါသည်။

 သင်၏ ColorOS version ကို [Settings] > [About Phone] / [About Device]တွင်စစ်ဆေးပါ။

မှတ်ချက်:  Multi-user Mode ရရှိနိုင်မှုသည် ဖုန်းမော်ဒယ်အမျိုးအစားနှင့် ColorOS version ပေါ်တွင်မူတည်နိုင်ပါသည်။


 Multi-User Mode

  • Multi-user mode သည် ဖုန်းတလုံးထဲတွင် အသုံးပြုသူပရိုဖိုင်များစွာကိုဖန်တီးနိုင်ပါသည်။သင်သည် 

    user account 5ခု(Owner account တခု၊ခွဲသုံးသည့်အသုံးပြုသူ account သုံးခုနှင့် Guest  account တခု)ကိုဖန်တီးပြီး သတ်မှတ်နိုင်သည်။

  • account တခုစီတွင် သီးခြား password တခုစီရှိပြီးလူတိုင်း၏ကိုယ်ရေးကိုယ်တာလုံခြုံမှုကိုထိန်းသိမ်းရန်မတူသော account များမှ app နှင့် app data များကို သီးခြားထားရှိပါသည်။

  • account တခုစီတွင် Google apps နှင့် ဝန်ဆောင်မှုများကို အသုံးပြုရန်အတွက် တူညီသော (သို့) တူညီ

    သော  Google account တခုကိုသုံးနိုင်သည်။

  • အသုံးပြုသူအများအပြားသည် တူညီသော application သို့ log in ဝင်နိုင်ပြီးအသုံးပြုသူ account အ

    ချက်အလက်သည် တခုနှင့်တခုသီးခြားဖြစ်ပြီးအချင်းချင်းနှောင့်ယှက်မှုမရှိပါ။ဆိုလိုသည်မှာ တူညီသော app များကိုအသုံးပြုနေသည့် အသုံးပြုသူများသည် အခြားအသုံးပြုသူ၏ app အချက်အလက်များကိုကြည့်ရှုခြင်း (သို့) ပြောင်းလဲခြင်းမပြုလုပ်နိုင်ပါ။

  • တစ်ဦးထက်ပိုသောအသုံးပြုသူအသုံးပြုသည့် Application များကိုမည်သည့်အသုံးပြုသူမဆို update လုပ်နိုင်ပါသည်။

Multi-User Mode တွင်အသုံးပြုသူကိုထည့်ခြင်း

1.  [Settings] > [Users & Accounts] > [Multi-User]/ [Multiple Users ကိုသွားပါ။ 

2. [Add User] ကိုနှိပ်ပါ (သို့) ညာဘက်ထောင့်အပေါ်ဘက်ရှိ    ပုံကိုနှိပ်ပြီး  [Add] ပါ။



OPPO Multiple user

3. အသုံးပြုသူအမည်နှင့် ပရိုဖိုင်ဓါတ်ပုံတပုံကိုထည့်သွင်းသတ်မှတ်ပြီး Enter the user name and set a  [Add] ကိုနှိပ်ပါ။သင်သည်အသုံးပြုသူအခန်းကဏ္ဍအမျိုးအစား 3 မျိုးဖြင့် account 5 ခုကိုထည့်သွင်နိုင်သည်: 

Ownerခွဲသုံးသည့်အသုံးပြုသူ နှင့် Guest ဟူ၍ရှိပြီး တချက်နှိပ်ရုံဖြင့် account များကြားချက်ချင်းပြောင်းနိုင်ပါသည်။ခွဲသုံးသည့်အသုံးပြုသူ account ကိုအများဆုံး 3 ခုထိထည့်သွင်းနိုင်ပါသည်။

Multi-User Mode တွင်အသုံးပြုသူ account ကိုပြောင်းခြင်း

အသုံးပြုသူ account ကိုပြောင်းရာတွင်နည်းလမ်း 2 ခုရှိပါသည်။

  • Settings: [Settings] > [Users & Accounts] > [Multi-User] / [Multiple User] ကိုသွားပြီး 

    အသုံးပြုသူ account ကိုထိပြီး [OK] ကိုနှိပ်ပါ။

  • Control Center:  Control Center ကိုဖွင့်ရန်စခရင်၏ပေါ်ဘက်ထိပ်ဆုံးမှဆွဲချပါ။ညာဘက်ထိပ်အပေါ်ဘက်ရှိ [OPPO Switch User Icon Switch User]  icon ကိုထိပြီးသင်ပြောင်းလဲချင်သော အသုံးပြုသူ account ကိုထိပြီးပြောင်းနိုင်ပါသည်။ 

OPPO Multi User Control Center

မတူညီသောအသုံးပြုသူအခန်းကဏ္ဍအမျိုးအစား 3 မျိုး

  1. Owner:  owner သည်ဖုန်း၏ပိုင်ရှင်ဖြစ်သည်။owner သည်ခွဲသုံးသည့်အသုံးပြုသူများကို ထည့်သွင်းခြင်း(သို့) ဖျက်ပစ်ခြင်းများကိုပြုလုပ်နိုင်ပြီး ခွဲသုံးသည့်အသုံးပြုသူများ၏ ဖုန်းခေါ်ဆိုမှုနှင့် SMS မှတ်တမ်းများကိုဝင်ရောက်ကြည့်ရှုရန်၊guest ထည့်သွင်းခြင်းနှင့်ဖုန်းခေါ်ဆိုမှုမှတ်တမ်းများကိုအသုံးပြုရန်ခွင့်ပြုနိုင်ခြင်းစသည့်လုပ်ဆောင်ချက်အားလုံးကိုလုပ်ဆောင်နိုင်သည်။

  2. Sub-User: မိသားစုဝင်များသည်ဖုန်းများကိုမျှဝေရန်လိုအပ်သည့်အခါ ခွဲသုံးသည့်အသုံးပြုသူ account ကိုအများဆုံး 3ခုထိဖွင့်နိုင်သည်။ ဖွင့်ပြီးနောက် ၎င်းတို့သည် လုပ်ဆောင်ချက်အများစုကိုလွတ်လွတ်လပ်လပ် အသုံးပြုနိုင်ပြီး lock screen password ကိုလည်းလွတ်လပ်စွာသတ်မှတ်နိုင်သည်။သို့သော် factory setting ပြန်လည်ရယူခြင်းကဲ့သို့သောလုပ်ဆောင်ချက်များသည် owner ကိုပါသက်ရောက်မှုရှိစေနိုင်သဖြင့် အသုံးပြု၍မရနိုင်ပါ။

  3. Guest: ရင်းနှီးမှုနည်းသောသူငယ်ချင်းတယောက်ကို ဖုန်းငှားသောအခါ Guest role ကိုအသုံးပြုနိုင်သည်။ပြောင်းပြီးနောက် သူတို့သည် အကန့်အသတ်ရှိသော လုပ်ဆောင်ချက်များကိုသာလုပ်ဆောင်နိုင်သည်။၎င်းတို့သည် SMS၊ unknown application များကို  install လုပ်ခြင်းများစသည်တို့ကိုအသုံးမပြုနိုင်ပါ။

Owner ခွင့်ပြုချက်

ခွဲသုံးသည့်အသုံးပြုသူများ (သို့)  guest account များသည် ဖုန်းခေါ်ဆိုခြင်းနှင့်မက်ဆေ့မှတ်တမ်းကိုကြည့်ရှုရန် owner ၏ ခွင့်ပြုချက်လိုအပ်ပါသည်။

  • ခွဲသုံးသည့်အသုံးပြုသူများကိုလုပ်ပိုင်ခွင့်ပေးရန်: [OPPO Multi User Settings IconSettings] icon ကိုနှိပ်၍ သင်ခွင့်ပြုပေးလိုသောအသုံးပြုသူ၏  [Access Calls and Messages] / [Allow calls and messages]ကိုဖွင့်ပေးပါ။

OPPO Multi User Allow Calls and Message

  •  guest များကိုလုပ်ပိုင်ခွင့်ပေးရန်: Tap the [OPPO Multi User Settings IconSettings]  icon ကိုနှိပ်၍  [Guest] ကိုနှိပ်ပါ၊  ထို့နောက် [Allow calls] / [Turn on phone calls]ကိုဖွင့်ပေးပါ။ guest အတွက် SMS လုပ်ဆောင်ချက်ကိုအသုံးပြု၍မရနိုင်ပါ။

OPPO Multi User Allow Calls

အသုံးပြုသူ account ဖျက်သိမ်းခြင်း

  • Owner သည်သာလျှင် မည်သည့်အသုံးပြုသူ account ကိုမဆိုဖျက်သိမ်းနိုင်သည်။ To delete sub-ခွဲသုံးသောအသုံးပြုသူ account များကိုဖျက်လိုပါက [Settings] ကိုနှိပ်၍ သင်ဖျက်လိုသော အသုံးပြုသူ account တွင် [Delete user] ကို နှိပ်ပါ။ဖျက်ပြီးနောက် အသုံးပြုသူ၏ အချက်အလက်အားလုံးကို ပြန်မလည်ရယူနိုင်မည်မဟုတ်ပါ။

OPPO Multi User Delete User

  • Guest ၏ အခန်းကဏ္ဍကိုဖျက်၍မရနိုင်ပါ။သို့သော်လည်း သင်သည်အသစ် Guest တယောက်ကိုထည့်သွင်းသောအခါ ယခင် Guest ၏အချက်အလက်များသည်ပျက်သွားမည်ဖြစ်ပါသည်။  


 

YouTube link:


Related articles:

 

* ပုံများ၊ဆက်တင်များနှင့်လမ်းကြောင်းများသည် သင့်ဖုန်း၏ပုံများနှင့် ကွဲပြားမှုရှိနိုင်သော်လည်း၎င်းတို့သည် ဤဆောင်းပါး၏ဖော်ပြချက်ကိုမထိခိုက်စေပါ။