ColorOS 12 ရှိ OPPO Accessibility 2.0
OPPO တွင် Accessibility ၏အင်္ဂါရပ်သည် အသုံးပြုရလွယ်ကူသောစမတ်ဖုန်းတလုံးကိုတွေ့ကြုံခံစားရန်နှင့်သင့်ဖုန်းတွင်လိုအပ်သမျှကိုဝင်ရောက်ကြည့်ရှုနိုင်ရန်ကူညီပေးပါလိမ့်မည်။နောက်ဆုံးထွက် ColorOS 12 version တွင် Accessibility အင်္ဂါရပ်အသစ်သည်သင့်ဖုန်းကိုအသုံးပြုရာတွင်ကူညီပေးရန် TalkBack, Accessibility Menu, Select to Speak နှင့်အခြားအရာများကဲ့သို့သင့် OPPO ဖုန်း၏အမျိုးမျိုးသော accessibility mode များကိုထောက်ပံ့ပေးပါသည်။Accessibility mode များအကြောင်းပိုမိုသိရှိရန်အောက်တွင်ဆက်လက်ဖတ်ရှုပါ။
သက်ဆိုင်သည်: ColorOS 12. သင်၏ ColorOS version ကိုစစ်ဆေးရန် [Settings] > [About phone].
ColorOS 12 ရှိ Accessibility
ColorOS 12 ရှိ Accessibility mode သည်သုံးစွဲသူများအတွက်ယေဘုယျအမြင်၊အကြား၊နှင့်တုံ့ပြန်မှုများအရသုံးစွဲသူများအနေဖြင့် မိမိတို့လိုချင်တာကိုအသုံးပြုရလွယ်ကူစေရန်နှင့်ရှာဖွေရလွယ်ကူစေရန်လုပ်ဆောင်ချက်များကိုပိုင်းခြားထားပါသည်။ ColorOS 12 ရှိ Accessibility mode စစ်ဆေးရန် [Settings] > [System settings] > [Accessibility].
အဓိက ကျသော Accessibility အင်္ဂါရပ်:
Magnification
သင်မြင်လိုသောအကြောင်းအရာကို screen ပေါ်တွင်လျင်မြန်စွာပုံကြီးချဲ့ပြီးမြင်နိုင်စေရန်ဤ magnification အင်္ဂါရပ်ကိုအသုံးပြုပါ။
Select to Speak
Select to Speak အင်္ဂါရပ်ကိုရွေးချယ်ခြင်းဖြင့်သင့်ဖုန်းပေါ်ရှိသတ်မှတ်ထားသော အကြောင်းအရာကိုအသံကျယ်ကျယ်ဖြင့်ဖတ်ကြားနိုင်စေပါသည်။
[Settings] > [System settings] > [Accessibility] > [Select to Speak] သို့သွား၍ [Select to Speak] ရရန်ပြောင်းပါ။
Select to Speak အသုံးပြုရန်: အောက်ဘက်ညာဘက်ထောင့်ပေါ်ရှိ icon ကိုနှိပ်ပြီး အကြောင်းအရာကိုကြားရန် specific message တခုကိုနှိပ်ပါ။စာပိုဒ်များရွေးချယ်ရန်နှိပ်ပြီးဆွဲယူနိုင်သည်။
Color Vision Enhancement
Accessibility တွင်ဤအင်္ဂါရပ်သည် ပိုမိုသက်သောင့်သက်သာဖြစ်သောမျက်နှာပြင်အတွက်သင့် color vision ပေါ်တွင်အခြေခံ၍အရောင်များကိုထိန်းညှိပေးသည်။
TalkBack
TalkBack သည်ကျွန်ုပ်တို့၏အမြင်အာရုံအားနည်းသောသို့မဟုတ်အမြင်အာရုံချို့တဲ့သောသုံးစွဲသူများအတွက် screen ပေါ်ရှိအရာများကိုအသံထွက်ဖတ်ပြီးကူညီပေးသည်။
[Settings] > [System settings] > [Accessibility] > [Vision] > နှိပ်ပြီး [TalkBack] ရရန်ပြောင်းပါ။
TalkBack အသုံးပြုရာတွင်မှတ်သားရမည့်လက်ဟန်အမူအရာများ:
item များအကြားပြောင်းရန် ဘယ်ဘက်သို့မဟုတ်ညာဘက်သို့ဆွဲပါ။
item တခုကို activate လုပ်ရန် နှစ်ချက်ထိပါ။
အပေါ်သို့မဟုတ်အောက်သို့ရွှေ့ရန်လက်နှစ်ချောင်ဖြင့်ပွတ်ဆွဲပါ။
Accessibility Menu
ဤ mode ကိုဖွင့်ပြီးသည်နှင့် Volume, Brightness, Lockscreen, Screenshot နှင့်အခြားအရာများကဲ့သို့သင်အလျင်အမြန်ဝင်ရောက်လိုသောအင်္ဂါရပ်များကိုရှာဖွေရန်နှင့်သင့် OPPO ဖုန်းကိုထိန်းချုပ်ရန် on-screen menu တခုကိုထောက်ပံ့ပေးသည်။
[Settings] > [System settings] > [Accessibility] > [General] > [Acessibility Menu] ကိုသွားပြီး [Accessibility Menu] ရရန်ပြောင်းပါ။
Switch Access
screen ကိုထိခြင်းသို့မဟုတ်ခလုတ်များကိုနှိပ်ရာတွင်အခက်အခဲရှိလျှင်ဖုန်းကိုထိန်းချုပ်ရန် Switch Access သည်ကူညီနိုင်သည်။
[Settings] > [System settings] > [Accessibility] > [Interaction] သို့သွား၍ [Switch Access] ရရန်ပြောင်းပါ။
Text to speech (TTS) Output
Text-To-Speech output ကိုရရန် [Settings] > [System settings] > [Accessbility] > [Vision] > [Text-to-Speech settings]သို့ပြောင်းပါ။
စာတန်းထိုးများနှင့်အသံ
ပိုမိုကောင်းမွန်သောသုံးစွဲသူအတွေ့အကြုံအတွက်အသံနှင့်စာတန်း setting များကိုချိန်ညှိပါ။
[Settings] > [System settings] > [Accessbility] > [Hearing]ကိုသွားပါ။
Sound amplifier
ပတ်ဝန်းကျင်အသံများကိုပိုမိုရှင်းလင်းစွာကြားနိုင်ပြီးအခြားသူများနှင့်ချောမွေ့ စွာဆက်သွယ်နိုင်ရန်ချဲ့ ထွင်ပေးသည်။
[Settings] > [System settings] > [Accessbility] > [Hearing] > [Sound amplifier]ကိုသွားပါ။
Related article:
What is Accessibility and How to Enable Accessibility Shortcut in OPPO Phone?
* ပုံများ၊ဆက်တင်များနှင့်လမ်းကြောင်းများသည် သင့်ဖုန်း၏ပုံများနှင့် ကွဲပြားမှုရှိနိုင်သော်လည်း၎င်းတို့သည် ဤဆောင်းပါး၏ဖော်ပြချက်ကိုမထိခိုက်စေပါ။
Sponsored Deals
Advertisement · Hand-picked offers, refreshed regularly
These are paid/affiliate advertisements from our partner store and are not related to OPPO or OPPO spare parts.
Related Articles
ColorOS 12 တွင် PC နှင့်သင့် OPPO phone ကို PC Connect ဖြင့် အလွယ်တကူချိတ်ဆက်ပါ။
ColorOS 12 ၌ သင့်ဖုန်း screen ကို ကြည့်နေသောသင်မှလွဲ၍ သင့် notification အကြောင်းအရာကို hide လုပ်ထားသော Anti-Peeping feature ရှိခြင်း
Sponsored Deals
Advertisement · Hand-picked offers, refreshed regularly
These are paid/affiliate advertisements from our partner store and are not related to OPPO or OPPO spare parts.